ဟနွိုင်း  ဇန်နဝါရီ   ၂၄

ဗီယက်နမ်နိုင်ငံ    ဟိုချီမင်းမြို့၌  SARS-CoV-2   ကိုရိုနာဗိုင်းရပ်စ် ၏ မျိုးကွဲ JN.1 ကို မကြာသေးမီ က   တွေ့ရှိခဲ့ကြောင်း    မြို့တော်ကျန်းမာရေးဌာနက    ဇန်နဝါရီ ၂၄ ရက်တွင် အစီရင်ခံဖော်ပြထား သည်။

အလွန်အမင်း မစိုးရိမ်သင့်

ကိုရိုနာဗိုင်းရပ်စ်  မျိုးကွဲကို မြို့တော်တွင်း ဆေးရုံတက်ရောက် ကုသနေသော လူနာများထံမှ ပြီးခဲ့ သည့်နှစ်  ဒီဇင်ဘာလတွင်  တွေ့ရှိ ခဲ့ခြင်းဖြစ်ကြောင်း    သိရသည်။ ဗီယက်နမ်  ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ  JN.1 သည်  အိုမီခရွန်ဗီဇပြောင်း BA.2.86    ၏     မျိုးကွဲသစ်တစ်ခု ဖြစ်ကြောင်း  သိရသည်။  ပြည်သူ များအား အလွန်အမင်း  မစိုးရိမ်သင့်ကြောင်းနှင့် သတိဝီရိယဖြင့် နေထိုင်ကြရန် ဗီယက်နမ်ကျန်းမာ ရေးဝန်ကြီးဌာနက  သတိပေးထားသည်။

လူနာအရေအတွက် မြင့်တက်လာ

ကပ်ရောဂါကြောင့်  ဟိုချီမင်းမြို့ ဆေးရုံတွင်  ကုသမှုခံယူနေသော    လူနာအရေအတွက်မှာ လွန်ခဲ့သည့် ရက်သတ္တခြောက်ပတ်အတွင်း    မြင့်တက်လာကြောင်း ဗီယက်နမ်နယူးစ်  အေဂျင်စီက   အစီရင်ခံဖော်ပြထားသည်။ ဗီယက်နမ်နိုင်ငံ၌    ၂၀၂၄   ခုနှစ် ပထမ   သီတင်းနှစ်ပတ်အတွင်း နေရာ ဒေသ ၃၉  ခု၌ ရောဂါထပ်မံ ကူးစက်ဖြစ်ပွားသူ   ၄၁၉   ဦးရှိကြောင်း သိရသည်။

ပြင်းထန်သည့်ရောဂါ ဖြစ်ပွားမှုမရှိ

ဆေးရုံတက်ရောက် ကုသသူ အရေအတွက် မြင့်မားလာသော် လည်း   ပြင်းထန်သည့်   ရောဂါ ဖြစ်ပွားမှုမျိုးမရှိကြောင်း ဗီယက်နမ်  ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။                   

ဆင်ဟွာ