ဇန်နဝါရီ ၂၆
ဘရာဇီနိုင်ငံအရှေ့တောင်ပိုင်း ဆောပေါ်လိုပြည်နယ်ရှိ သစ်တောတခုအတွင် လေယာဉ်ငယ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ဒေသတွင်းအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
အဆိုပါ PT-DKA လေယာဉ်ငယ်သည် ဆောပေါ်လိုမြို့ရှိ ပုဂ္ဂလိကလေဆိပ်တစ်ခုမှ ယမန်နေ့မနက်ပိုင်းတွင် ပျံတက်ခဲ့ခြင်းဖြစ်ပြီး ယင်းလေယာဉ်ပေါ်တွင် လူနှစ်ဦးပါရှိသည်ဟု ဒေသတွင်းအာဏာပိုင်များကဆိုသည်။
ဘရာဇီးလေကြောင်းတပ်ဖွဲ့က ထိုလေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်များက ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လွန်ခဲ့သောဒီဇင်ဘာလက တောင်ထူထပ်သည့်အပူပိုင်းသစ်တောဒေသတစ်ခုဖြစ်သော Ilhabela ကျွန်းသို့ဉီးတည် ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လေးဦးသေဆုံးခဲ့သည်။ ထိုရဟတ်ယာဉ်ပျက်ကျခဲ့သော ဒေသတွင် ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို