နေပြည်တော် ဇန်နဝါရီ ၂၆

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနမှတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး Switch Yard အတွင်း ထရန်စဖော်မာ ဝန်အားတိုးချဲ့တပ်ဆင်နေမှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးသည် စက်ရုံဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စက်ရုံမှူးနှင့် တာဝန်ရှိသူများက ဓာတ်အားပေးစက်များ၏ အခြေအနေနှင့် ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး မိသားစုသဖွယ် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိဖြင့် ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြား၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားထိန်းချုပ်ခန်းအတွင်းနှင့် Switch Yard အတွင်း ဓာတ်အားလွှတ်ပစ္စည်းများ၊ ဓာတ်အားလိုင်းများ အဝင်အထွက် အခြေအနေနှင့် ထရန်စဖော်မာဝန်အား တိုးချဲ့တပ်ဆင်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

သတင်းစဉ်