နေပြည်တော် ဇန်နဝါရီ ၂၆

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗ ဟိုအဖွဲ့၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အဖွဲ့ဝင်ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး အဖွဲ့တို့မှ ကိုယ်စားလှယ်များက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက အစားထိုးအဖွဲ့အနေဖြင့် ဘိန်းစိုက်ပျိုးမှုရှိနေသည့် မြို့နယ် ၅၅ မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံး/ဆီဆိုင်မြို့နယ် (မဲနယ်တောင်ကြောနှင့် ပွန်ချောင်းကြား) ဒေသတွင်ဆောင်ရွက်မည့် ဒုတိယအကြိမ်ရှေ့‌ပြေး စီမံကိန်း လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားကြရန်၊ မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးသည့် ဒေသများတွင်အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းသည် ဒေသခံများ၏ အခြေခံလိုအပ်ချက်များကို နိုင်ငံတော်ရန်ပုံငွေများ အကုန်ကျခံ၍ ဆောင်ရွက်နေခြင်းဖြစ်၍ အမှန်တကယ်အရေးပါသည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသခံများ၏ ပူးပေါင်း ဆောင်ရွက် မှုတို့ဖြင့်အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီဆောင်ရွက်သွားရန်နှင့် အစားထိုးဖွံ့ဖြိုးမှုအ ကောင် အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့ဝင်ဦးစီးဌာနများအနေဖြင့် ဒုတိယအကြိမ်ရှေ့ပြေးစီမံကိန်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေးအမြင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်းညိုက ၂၀၂၃ ခုနှစ်အတွင်း အဖွဲ့ဝင်ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဒုတိယအကြိမ် ရှေ့‌ပြေးစီမံကိန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ပြီး စီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် သုံးသပ်အကြံပြုချက်များကို ကဏ္ဍ အလိုက်ရှင်းလင်း ဆွေးနွေးတင်ပြကြရာ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်