နေပြည်တော် ဇန်နဝါရီ ၂၆
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်ပထွက်ခွာရှိလေဆိပ် ဝင်ရောက်/ထွက်ခွာကြသည့်ခရီးသည်များ၏ အချက်အလက်များ သိမ်းဆည်းသည့် Server Room ၊ Data Center ရှိ Rack များစစ်ဆေးခြင်း၊ Fire Wall များ တပ်ဆင်အသုံးပြုမှု၊ Network Management , Network Monitoring System, Data Security, Human Resource ဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဝန်ကြီးဌာနနှင့် ဆက်စပ်ဆောင်ရွက် လျက်ရှိသည့် Partner Associates Co,Ltd , Secure Link Co,Ltd, Myanmar Ease Net Co.Ltd, Mega Link Co.Ltd, တို့မှ တာဝန်ရှိသူများကနည်း ပညာပိုင်းဆိုင်ရာများ ရှင်းလင်းရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊လေကြောင်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်ခရီးသည်များကို ကြိုတင်စစ်ဆေးသည့်စနစ် (Myanmar Advanced Passenger Processing System ,MAPPS) ၏ Command and Control Center Room၊ ပြည်ပထွက်ခွာနှင့် ပြည်ပဆိုက်ရောက် စစ်ဆေးရေးကောင်တာများတွင် ခရီးသည်များစစ်ဆေးနေ မှုတို့ကိုကြည့်ရှု့ပြီး YACL အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ထမ်းများနှင့် တွေဆုံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရေးနှင့် တာဝန်ရှိသူအဆင့်ဆင့်မှကြီးကြပ်ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရှိ လဝကမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ဝန်ထမ်းများမှ e-ID လုပ်ငန်း ဆောင်ရွက်နေမှု၊Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းများအား စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


