လှည်းကူး ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ၃၄ ဦး အား မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ငွေများထုတ်ပေးပြီး ဇန်နဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီခွဲအထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။ ထို့ပြင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုး ဦးဆောင်သော အဖွဲ့ဝင်များက ကွင်းဆင်းကုသပေးခဲ့သည်။
လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လှည်းကူးမြို့နယ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းကော်မတီသို့ အလှူငွေ ကျပ် ၈၇၅၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


