ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၂၆ ရက်ကမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ပင်စင် စားဝန်ထမ်းများအား ထောက်ပံ့ငွေများ၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား (၃၀)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂)သောင်း၊ ဆေးဝါးများနှင့် အာဟာရဖြည့်စွက် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)