နေပြည်တော် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်း ရပ်ကွက်ရှိ စိုင်းဆွေဆိုင်း၏ နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၀၄ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၃ ကီလို၊ ဘိန်းစိမ်း ၇၅ ကီလိုနှင့် TOYOTA LAND CRUISER PRADO မော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အိုက်စ်(မက်သ်အဖက်တမင်း)များကို ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့နယ်မှ လည်းကောင်း၊ ဘိန်းစိမ်းများအား မိုင်းပျဉ်းမြို့နယ်မှလည်းကောင်း တာချီလိတ်မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်