နေပြည်တော် ဇန်နဝါရီ ၂၇
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရ ကျောင်းသား / ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင် က ဘာသာရပ်အလိုက် ပညာ ရည်ထူးချွန်ဆုရ ကျောင်းသား / ကျောင်းသူ (၉) ဉီးကို ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင်က ရေယာဉ်တည်ဆောက်မှုအင်ဂျင်နီယာဘွဲ့ရ (၂၇) ဦး ၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ (၃၅)ဦး၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ရ (၂၉)ဦး ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ (၄)ဦး၊ ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်အင်ဂျင်နီယာဘွဲ့ရ(၁၆)ဦး၊ ရေကြောင်း စက်မှုအင်ဂျင်နီယာ ဘွဲ့ရ (၁၂) ဦး ၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ (၈) ဦး ၊ ရေကြောင်းသိပ္ပံဘွဲ့ရ (၂ ) ဉီး၊ သင်္ဘောလုပ်ငန်းစီမံခန့်ခွဲမှု၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးဘွဲ့လွန် ဒီပလိုမာဘွဲ့ရရှိသူ(၇၆) ဦး စုစုပေါင်း ဘွဲ့ရရှိသူ (၂၀၉) ဦး တို့ကိုသက်ဆိုင်ရာ ဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့ လက်မှတ်များကိုပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ် မှ ၂၀၂၄ ခုနှစ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို (၁၇)ကြိမ် ကျင်းပ ခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာအင်ဂျင်နီယာဘွဲ့ (၃၃၂၅)ဦးနှင့် သိပ္ပံဂုဏ်ထူးနှင့် သိပ္ပံဘွဲ့ရ (၁၁၇၉) ဦး ၊ ဒီပလိုမာဘွဲ့ရရှိသူ (၁၁၉၀) ၊ အင်ဂျင်နီယာဒီပလိုမာဘွဲ့ရရှိသူ (၁၁)ဦးနှင့် မဟာဘွဲ့ရရှိသူ (၂၂)ဉီး စုစုပေါင်းဘွဲ့ရရှိသူ (၅၇၂၇)ဉီးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


