ဆွမ်ပရာဘွမ် ဇန်နဝါရီ ၃၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းတွင်း စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်နှင့် ဆရာမများက အနီးကပ်ကြီးကြပ်၍ Grade-4 မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


