ဇန်နဝါရီ ၃၀
မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ နိုင်ငံခြားခရီးသွား ၃၄၀၀၀ ကျော် ဝင်ရောက်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
မွန်ဂိုလီးယားနိုင်ငံ၏ရာသီဉတုသည် နွေရာသီတိုတောင်းပြီး ဆောင်းရာသီသည်အေးခဲပြီးရှည်လျားသဖြင့် နိုင်ငံ၏ခရီးသွားကဏ္ဍသည် ရာသီအလိုက်ဖြစ်သည်။ ခရီးသွားကဏ္ဍ၏ရာသီအလိုက်ဖြစ်တည်မှုကိုကျော်လွှားနိုင်ရန် ဆောင်းရာသီခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရေခဲပြင်နှင့်နှင်းပြပွဲများစီစဉ်ပေးကာ အထူးလုပ်ဆောင်ခဲ့ကြသည်ဟု ထိုဝန်ကြီးဌာနက ပြောကြားသည်။ နိုင်ငံတော်နှင့်ဆိုင်သောပြပွဲများနှင့် နိုင်ငံတကာပြပွဲများ စသည့် ပြပွဲ ၂၆ ခုကို ဧပြီလကုန်ပိုင်းအထိ ပြသရန်စီစဉ်ထားသည်ဟု သိရသည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၆၅၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဝင်ငွေရရှိမှုစံချိန်တင်မြင့်မားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို