နေပြည်တော် ဇန်နဝါရီ ၃၀

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း) ဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ဇန်နဝါရီ ၂၇ က နေပြည်တော်ရှိ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များသို့ သွားရောက်လေ့လာခဲ့ကြသည်။

 

ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များသို့ ရောက်ရှိကြပြီး အမျိုးသားပြတိုက်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် စာကြည့်တိုက်တွင် ခင်းကျင်းပြသထားမှုများ၊ စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်မှုများကို လေ့လာကြရာ အမျိုးသားပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်များမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 

အဆိုပါ   လေ့လာရေးအဖွဲ့တွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်(ရေဆင်း)မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၄၀ ပါဝင်ကြောင်း သိရသည်။

 

သတင်းစဉ်