ဇန်နဝါရီ ၃၀
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၅ သန်းကျော်ဝင်ရောက်မှုရှိရာ လွန်ခဲ့သောလက နိုင်ငံခြားခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက ၁၀ ဒသမ ၃ ရာခိုင်နှုန်းမြင့်မားကြောင်းနှင့် လွန်ခဲ့သောနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု ၇၃ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကိန်းဂဏာန်း အချက်အလက် ရုံးချုပ်ကဖော်ပြထားသည်။ အဆိုပါနိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် ခရီးသွားအများစုသည် လေကြောင်းမှဝင်ရောက်ခြင်းဖြစ်ပြီး ၁ ဒသမ ၃ သန်းရှိကြောင်း၊ ကုန်းကြောင်းမှ ၁၇၆၉၀၀ နှင့် ရေကြောင်းမှ ၄၈၄၀၀ ဝင်ရောက်ခဲ့သည်ဟု သိရသည်။ ဇန်နဝါရီလအတွင်း အာရှမှခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး ခရီးသွား ၁ ဒသမ ၁ သန်းကျော်ရှိကြောင်း၊ ဉရောပမှ ခရီးသွား ၂၁၆၀၀၀ကျော်နှင့် အမေရိကမှ ၉၇၀၀၀ ကျော်ရှိကြောင်း ဖော်ပြထားသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားကာလက တရုတ်နိုင်ငံမှခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး ဇန်နဝါရီလအတွင်း တရုတ်ခရီးသွား ၂၄၂၁၈၁ ဝင်ရောက်ခဲ့ရာ ဗီယက်နမ်နိုင်ငံသို့ တရုတ်ခရီးသွားဝင်ရောက်မှုဒုတိယအများဆုံးဖြစ်သည်ဟု သိရသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၁၇ သန်းမှ ၁၈ သန်းအထိဝင်ရောက်မှုရှိရန်၊ ပြည်တွင်းခရီးသွား သန်း ၁၁၀ ရှိရန်နှင့် ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၃ ဘီလီယံ ဝင်ငွေရရှိရန် မျှော်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို