ဇန်နဝါရီ ၃၁
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးအဖွဲ့က ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် ၅၇၄ ဦးသေဆုံးပြီး ကာလဝမ်းရောဂါဖြစ်ပွားသူ နေ့စဉ် လူ ၄၀၀မှ ၅၀၀ ရှိသော ဇမ်ဘီယာနိုင်ငံသို့ ကာလဝမ်းရောဂါဖြစ်ပွားမှုကိုတိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း ခွဲဝေပေးခဲ့ကြောင်း ယမန်နေ့က ပြောကြားသည်။
အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်စ်က ဗဟိုအရေးပေါ်တုံ့ပြန်ရေးရန်ပုံငွေအဖွဲ့မှ ဇမ်ဘီယာနိုင်ငံ၏ကာလဝမ်းရောဂါဖြစ်ပွားမှုကိုတိုက်ဖျက်ရန်အတွက် ထောက်ပံ့ရန် ခွဲဝေပေးအပ်ခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (အိုစီအိတ်ချ်အေ)က ပြောကြားသည်။
ဇမ်ဘီယာနိုင်ငံ၏အမျိုးသားပြည်သူ့ကျန်းမာရေးအဖွဲ့က ကာလဝမ်းရောဂါဖြစ်ပွားသူဦးရေ ၁၅၀၀၀ ကျော်ရှိပြီး ယင်းရောဂါဖြင့် သေဆုံးသူ ၅၇၄ ဦးရှိသည်ဟု ထိုရုံးကဆိုသည်။
ကာလဝမ်းရောဂါဖြစ်ပွားမှုမြင့်မားခြင်းသည် ရေကြီးရေလျှံမှု၊ ရေတွင်းတိမ်ကောမှုနှင့် သန့်ရှင်းသောရေရရှိရန် အခက်အခဲရှိမှုတို့ကြောင့်ဖြစ်သည်ဟု အိုစီအိတ်ချ်အေကဆိုသည်။
ရာသီကာလရှဉ်လျားမှုနှင့် ရာသီအလိုက်ရေကြီးရေလျှံမှုများဆိုးရွားစွာမှုတို့ကြောင့် အာဖရိကအရှေ့တောင်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများတွင် ကာလဝမ်းရောဂါများဖြစ်ပွားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို