ဓနုဖြူ ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ဇန်နဝါရီ ၃၁ရက် နံနက်ပိုင်းက ကျိုက္ကလွန်ပွန်းဘုရားအနီး ဥမ္မာဒန္တီကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုခြင်း၊ မျိုးချစ်မြန်မာ့ရဟန်းတော်များသမဂ္ဂ ဆရာတော်ဦးဆောင်၍ မပုတု (အမျိုးသားရေး တက်ကြွလှုပ်ရှားသူ) တို့က ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက် သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခဲ့ပြီး ဇာတိမာန်သီချင်းကို သံပြိုင်ရွတ်ဆိုကြသည်။
ဆက်လက်၍ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသည့် သံဃာတော်များနှင့် ဒေသခံပြည်သူများက မြို့ပေါ်ရပ်ကွက်များအတွင်း စုရုံးစီတန်းလှည့်လည်၍ ဗုဒ္ဓဘာသာ စော်ကားဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနဲ့ သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ (ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်မိစ္ဆာများ(ကျဆုံးပါစေ-ကျဆုံးပါစေ) စသည့် စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများ ကြွေးကြော်၍ စီတန်းလှည့်လည်ရှုတ်ချခဲ့သည်။
မြို့နယ်(ပြန်/ဆက်)


