ဖေဖော်ဝါရီ ၁

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်၏တောင်ဘက် ဘာတန်ဂတ်ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင် ယမန်နေ့က ခရီးသည်တင် MV Ocean Jet 6 သင်္ဘောနှင့် ရေယာဉ်တစ်စင်းတို့တိုက်မိမှုဖြစ်ပွားသဖြင့် တရုတ်ခရီးသွားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံရှိတရုတ်သံရုံးက ပြောကြားသည်။

အဆိုပါမတော်တဆဖြစ်ပွားမှုသည် ဘာတန်ဂတ်မြို့ မာတိုကိုအနီးတွင် ဒေသစံတော်ချိန် ၁၂ နာရီ ၃၀ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ဆိုသည်။ ထိုမတော်တဆမှုမှဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို သိရှိရန်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို