ဖေဖော်ဝါရီ ၁
မလေးရှားနိုင်ငံတွင် ၂၀၂၃ ခုနှစ်က လေကြောင်းဖြင့် ခရီးသွားလာသူပေါင်း သန်း ၁၀၀ ကျော်ရှိရာ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု မလေးရှားလေဆိပ်များက ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့သည်။ ခရီးသည် သန်း ၁၂၀ ရှိသည်ဟု သိရသည်။ ၂၀၁၉ ခုနှစ်ကထက် ၈၄ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်ကောင်းမွန်လာကြောင်း ယင်းလေဆိပ်များရှိ အော်ပရေတာများက ပြောကြားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက နှစ်သစ်ကူးအားလပ်ရက်ရှည်များနှင့်အတူ လေကြောင်းဖြင့်ခရီးသွားလာသူပေါင်း ၇ ဒသမ ၇ သန်းရှိသည်ဟု မလေးရှားနိုင်ငံရှိ လေဆိပ်များကပြောကြားသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ခရီးသည် ၃ ဒသမ ၄ သန်းမှ ၄ သန်းအထိရှိရာ ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း နိုင်ငံတကာလေကြောင်းလိုင်းက ဆိုပြီး ခရီးသည် ၃ ဒသမ ၂ သန်းမှ ၃ ဒသမ ၇ သန်းအထိရှိရာ ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ပြည်တွင်းလေကြောင်းလိုင်းက ဆိုသည်။ ပြည်ပခရီးသွားနေရာ ၁၁၃ ခုနှင့် ပြည်တွင်းခရီးသွားနေရာ ၃၄ ခုဖြင့် ခရီးသွားနေရာပေါင်း ၁၄၇ ခုရှိရာ ယခင်နှစ်ကထက် ၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတကာခရီးသွား ၄ သန်းရှိရာ ၂၀၂၀ ဖေဖော်ဝါရီလနောက်ပိုင်းတွင် အမြင့်မားဆုံးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို