နေပြည်တော် ဖေဖော်ဝါရီ ၁

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်သည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်အမှတ်(၃)အတွင်း နုန်းသဲများပို့ချမှုကြောင့် တိမ်ကောလာသည့်အတွက် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ Amphibious၊ Excavator နှင့် မြေသယ်ယာဉ်များအသုံးပြုပြီး နုန်းတူးဖော်ဆယ်ယူ စွန့်ပစ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အများပြည်သူများ အပန်းဖြေနားနေနိုင်ရန် ကန်ပတ်လည်သာယာလှပရေးနှင့် ရေပြင်ကြည်လင်သန့်ရှင်းရေးကို အမြဲမပြတ်ဆောင်ရွက်ရန်၊ သတ်မှတ်ရေအနက်ရရှိအောင် ဆောင်ရွက်ရန်နှင့် ကန်အတွင်းမှ ဆယ်ယူစွန့်ပစ်သည့် နုန်းမြေများကို မြို့သာယာလှပရေးအတွက် စိုက်ပျိုးထားရှိသည့် သစ်ပင်ပန်းမန်များတွင် မြေဩဇာအဖြစ် စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားသည်။

 

သတင်းစဉ်