နေပြည်တော် ဖေဖော်ဝါရီ ၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားသမားများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း ၁ ၌ တတိယလုပွဲ ပွဲစဉ်အဖြစ် မကွေးဇုန်နှင့် တောင်ကြီးဇုန်တို့မှ ဘောလုံးယှဉ်ပြိုင် ကစားကြသည်များကို တက်ရောက်ကြည့်ရှုအားပေးကြသည်။
ပြိုင်ပွဲတွင် နှစ်ဘက်ဘောလုံးအသင်းမှ ဘောလုံးအားကစားသမားများ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ မကွေးဇုန်က တောင်ကြီးဇုန်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဘောလုံးအားကစားသမားများကို အားပေးစကားပြောကြားပြီး ဒိုင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


