နေပြည်တော် ဖေဖော်ဝါရီ ၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃၀ ရက်က ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မအူပင်ခရိုင် မအူပင်မြို့နယ်၌ တရားမဝင် အခြားသစ် (၂ ဒသမ ၈၇၅)တန် (ခန့်မှန်းတန် ဖိုးငွေကျပ် ၈၀၃,၄၉၅)ကိုလည်းကောင်း၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၁၉၉)တန်၊ အခြားသစ် (၁ ဒသမ ၀၁၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉,၂၈၈)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၂,၇၈၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇန်နဝါရီ ၃၀ ရက်က ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လားရှိုးမြို့ရှောင်လမ်းအနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၉)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဓါတ်ခွဲခန်းသုံး ပစ္စည်း Pipette Tips (၁၅၀)ကီလိုဂရမ်၊ ကလေးစီးရှူးဖိနပ် အရန်(၁၄၀)၊ Electric Scooter (Without Cover) (၃)စီး၊ ZEHEL Nozzle (၄၈၀)၊ တရုတ်စာတမ်းပါအရက် (၄၂)လုံး၊ EK Battery အလုံး(၅၀)၊ ကလေးစီးဖိနပ် (၂၁၆)ရန်၊ Scooter Battery (၁၆)လုံး၊ လူကြီးစီးရှူးဖိနပ် အရန်(၇၀)၊ Battery Cycle Charger (၈)ခု အပါအဝင် ကုန်ပစ္စည်း(၄၃)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀,၈၈၇,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Wish (၇)စီး၊ Toyota Noah (၁)စီး၊ KIA Bongo Pickup (၁)စီး အပါအဝင် လိုင်စင်မဲ့မော်တော်ယာဉ်(၉)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၈၈၇,၅၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Woven Fabric (၉၁)လိပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇,၆၇၇,၁၅၀)ကိုလည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ဆေးဝါးများဖြစ်သည့် Cefoperazone & Sulbaetamn for Injection ဘူး(၁၀၀၀၀)၊ Frusemide Injection ဘူး(၃၁၅၀၀) အပါအဝင် ဆေးဝါး(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၇,၇၉၂,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၅,၄၆၉,၁၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဇန်နဝါရီ ၃၁ ရက်က တနင်္သာရီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက် ခဲ့ရာ မြိတ်ခရိုင် မြိတ်မြို့နယ်၌ လိုင်စင်မဲ့ Honda Dream 125 မော်တော်ဆိုင်ကယ်(၁)စီး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇန်နဝါရီ ၃၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင် စက်သုံး ဆီ ဒီဇယ်ဆီ ဂါလန်(၅၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၃,၁၂၉,၄၃၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်