နေပြည်တော် ဖေဖော်ဝါရီ ၁
စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းများ အနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် လူမှုရေးတာဝန်သိမှုနှင့် ပတ်သက်သည့် အသိပညာတိုးပွားစေ ရန်ရည်ရွယ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး တာဝန်သိမှု (Corporate social responsibility - CSR) အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယ ဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စွမ်းအင် ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း၍ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ဆောင်ရွက် နေသည့် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှတာဝန်ရှိသူများ၊ စွမ်းအင်ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများနှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောအဖွဲ့အစည်း များတို့၏လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ပြီး မိမိတို့အလုပ်တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်ရည်ရွယ်၍ ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မူတည်ပြီး အောင်မြင်မှုအကျိုးရလာဒ်များရရှိခံစားကြရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးသည် အဖွဲ့အစည်းတိုင်းအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်တစ်ရပ်ပင်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ပညာရှင်များမှ လူ့စွမ်း အားအရင်းအမြစ်စီမံခန့်ခွဲခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ လုပ်ငန်းစဉ်များ၊ ဒစ်ဂျစ်တယ် နည်းပညာဖြင့် လုပ်ငန်းများစီမံခန့်ခွဲမှုစနစ် (Digitalization and Workflow Management System)၊ လူမှုရေးတာဝန်သိမှု (Corporate social responsibility - CSR) တို့နှင့်ပတ် သက်ပြီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းဆွေး နွေးခဲ့ကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု နှင့်ပတ်သက်၍ Prioritize Human Capital in your organization ခေါင်းစဉ်ကိုလည်းကောင်း၊ လူမှုရေးတာဝန်သိမှု (CSR) နှင့်ပတ်သက်၍ Who is CSR the most important to? ခေါင်းစဉ်ကိုလည်းကောင်း အမြင်ချင်းဖလှယ်ဆွေးနွေး မေးမြန်းခဲ့ကြပြီး တက်ရောက်လာသည့်ပညာရှင်များက ဖြည့်စွက်ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင် က ဆွေးနွေးပွဲတွင်ပါဝင် ဆွေးနွေးခဲ့သူများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
သတင်းစဉ်


