ဖေဖော်ဝါရီ ၂
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းနိုင်ငံသား သေဆုံးသူပေါင်း ၂၇၀၀၀ ကျော်ရှိလာကြောင်း ဂါဇာအခြေစိုက်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၁၈ ဦး သေဆုံးပြီး အခြား ၁၉၀ ဒဏ်ရာရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနှင့်ဟားမက်စ်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းနိုင်ငံသား သေဆုံးသူ ၂၇၀၁၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၆၆၁၃၉ ဦး ရှိလာသည်။ ထောင်နှင့်ချီသောထိခိုက်ဒဏ်ရာရသူများသည် အဆောက်အဦအပျက်အစီးများအောက်နှင့် လမ်းများပေါ်တွင်ရှိနေဆဲဖြစ်သော်လည်း လူနာတင်ကားများနှင့် အရပ်ဘက်ကာကွယ်ရေးအဖွဲ့များကို ၎င်းတို့ဆီသွားရောက်ခြင်းမရှိစေရန် အစ္စရေးတပ်ဖွဲ့များက တားဆီးထားသည်။ အစ္စရေးက ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ Al-Amal ဆေးရုံနှင့် ပါလက်စတိုင်းလခြမ်းနီအသင်းအနီးဝန်းကျင်ဒေသတွင် အမြောက်များအသုံးပြု၍တိုက်ခိုက်နေသည်မှာ ၁၁ ရက်ကြာပြီဖြစ်ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို