ဖေဖော်ဝါရီ ၂

ဗီယက်နမ်နိုင်ငံတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၉၆၇ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားယာဉ်အန္တရာယ်ကင်းရှင်းရေးကော်မတီက ယမန်နေ့ကပြောကြားသည်။

အဆိုပါတစ်လတာကာလအတွင်း ယာဉ်မတော်တဆမှု ၂၄၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၃၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ နှစ်အလိုက်နှိုင်းယှဉ်ပါက ယာဉ်မတော်တဆဖြစ်ပွားမှုအကြိမ်အရေအတွက်နှင့် ဒဏ်ရာရရှိိသူဦးရေတို့တွင် ၂၅ ဒသမ ၀၈ ရာခိုင်နှုန်းနှင့် ၁၅ ဒသမ ၂၃ ရာခိုင်နှုန်းတို့အသီးသီးမြင့်တက်ခဲ့သည်။ သေဆုံးသူဦးရေသည် တစ်နှစ်ထက်တစ်နှစ်  ၂၀ ဒသမ ၈၇ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင် ပျမ်းမျှအားဖြင့် နေ့စဉ် ယာဉ်မတော်တဆမှု ၇၉ ကြိမ်ဖြစ်ပွားပြီး ၃၁ ဦးသေဆုံးကာ အခြား ၆၆ ဦး ဒဏ်ရာ ရရှိခဲ့သည်။ ထိုမတော်တဆဖြစ်ပွားမှုများအနက်အများစုသည် ယာဉ်မောင်းများအနေဖြင့် အရက်သေစာသောက်စားမောင်းနှင်ခြင်း သို့မဟုတ် အရှိန်လွန်မောင်းနှင်ခြင်းတို့ကဲ့သို့သော ယာဉ်စည်းကမ်းများ ချိုးဖောက်မောင်းနှင်ခြင်းကြောင့် ဖြစ်သည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို