နေပြည်တော် ဖေဖော်ဝါရီ ၂

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပကိုတင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထွက်ရှိသည့် MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲကို နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ MSME တန်ဖိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များ အပါအဝင် OROP ထုတ်ကုန်များနှင့် ဒေသထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေးအတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်ရရှိရေးအတွက် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တိုင်းရင်းသားလုပ်ငန်းရှင်များ တွေ့ဆုံ၍ သတင်းအချက်အလက်များ ဖလှယ်ရယူနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေး ဆောင်ရွက်ရန်၊ အမျိုးဂုဏ်ဇာတိဂုဏ် တိုးတက်မြင့်မားစေရေးကို အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာဒေသအလိုက် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသထွက်ရိုးရာလက်မှုပညာ ပစ္စည်းများကိုလည်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်၊ တိုင်းဒေကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဒေသထွက် ရိုးရာအစားအစာများကို ပြည်ထောင်စု၏ အနှစ်သာရပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်