ဇလွန် ဖေဖော်ဝါရီ ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဇလွန်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော စာပေနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

စာပေနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားတွင် အ.ထ.က(၁) ဇလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဇလွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဇလွန်မောင်ပြေငြိမ်းက လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇလွန်မြို့နယ် စာရေးဆရာအသင်း အလုပ်အမှုဆောင် ကိုတင်မောင်ဝင်း(ဒူးယား)က စက္ကန့်လေးတွေ စိန်စီထားမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဇလွန်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် မျိုးမြင့်မြတ်(ဇလွန်)က လူငယ်နှင့်သူတို့အမြင်ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး အ.ထ.က(၁) ဇလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဝေယံ - ဇလွန်(ပြန်/ဆက်)