အိမ်မဲ ၂၄ ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်း(၁၀ဝ၀) ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

255

 

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မြိုင်တို့က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာ ကျေးလက်လမ်း လုပ်ငန်းအတွက် အင်းမကျေးရွာအား ကျပ် ၇၄၈ သိန်း၊ ကျေးလက်တံတား လုပ်ငန်းအတွက် လူကောင်းကျွန်းကျေးရွာအား ကျပ်သိန်း ၁၉၀ နှင့် ကျေးလက်ရေလုပ်ငန်းအတွက် ကွန်စခန်းကျေးရွာအား ကျပ် ၄၂ သိန်းကို လွှတ်တော်ကိုယ်စားလှယ်များက ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါပေးအပ်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊  ကျေးရွာ ၂၃ အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)