ဖေဖော်ဝါရီ ၂

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှေးဟောင်းသုတေသနဉယျာဉ်သို့ ယခုနှစ် ဇန်နဝါရီလအတွင်း နိုင်ငံခြားခရီးသွား ၁၁၅၅၃၂ ဦး ဝင်ရောက်ခဲ့ရာ ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ခရီးသွား ၇၇၄၃၆ ဦး ဝင်ရောက်မှုထက် ၄၉ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ကြောင်း ယနေ့တွင်သတင်းထုတ်ပြန်ဖော်ပြထားသည်။

အဆိုပါရှေးဟောင်းနယ်မြေသည် ဇန်နဝါရီလအတွင်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းရရှိခဲ့ရာ ၂၀၂၃ ခုနှစ် အလားတူကာလက ဒေါ်လာ ၃ ဒဿမ ၆၄ သန်းရရှိမှုထက် ၅၁ ရာခိုင်နှုန်းပိုမိုရရှိခဲ့ကြောင်း နိုင်ငံပိုင်အန်ကောလုပ်ငန်းက သတင်းထုတ်ပြန်ထားသည်။

၁၉၉၂ ခုနှစ်က ယူနက်စကိုစာရင်းဝင်ခဲ့သော အန်ကောဝပ်ဉယျာဉ်သည် နိုင်ငံ၏ အထင်ရှားဆုံးသောခရီးသွားနေရာဖြစ်သည်။ ထိုဉယျာဉ်သည် ဆီရမ်ယိပြည်နယ်၏အနောက်မြောက်ဘက်တွင်ရှိပြီး ကိုးရာစုမှ ၁၃ ရာစုအထိ ဆောက်လုပ်ခဲ့သော ရှေးဟောင်းဘုရားကျောင်း ၉၁ ခုရှိကာ ၄၀၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့သော ဆီရမ်ယိအန်ကောနိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာခရီးသွားများ ကမ္ဘောဒီးယားနိုင်ငံသို့ ထပ်မံဝင်ရောက်ရန်ဆွဲဆောင်နိုင်မည်ဟု ၎င်းအနေဖြင့်ယုံကြည်သည်ဟု ပြည်နယ်ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားသည်။ ထိုနိုင်ငံတကာလေဆိပ်သည် နိုင်ငံ၏ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတို့ကို မြှင့်တင်ရာတွင် အရေးပါသည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို