ရန်ကုန် ဖေဖော်ဝါရီ ၂
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း မှတ်စဉ်(၁၀၄)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့်တကွ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ(ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာ၊ ဆရာမများက စေတနာ၊ ဝါသနာ၊အနစ်နာဖြင့်နိုင်ငံနှင့် အများ ပြည်သူအကျိုး ဆတက်ထမ်းပိုးကြိုးပမ်းသွားကြရန် တိုက်တွန်း လိုပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်ကြရန်နှင့် အရည်အချင်းပြည့်ဝသည့် ဆရာများဖြစ်လာစေရေး လေ့လာဆည်းပူးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း မှာကြားသည်။
အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀၄)သို့ သင်တန်းသား(၃၁)ဦး၊ သင်တန်းသူ (၃၆၉)ဦး၊ စုစုပေါင်း(၄၀၀) တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂ရက်အထိ ရက်သတ္တ(၅)ပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


