တိုကျို၊ ဖေဖော်ဝါရီ ၅

 

ဂျပန်နိုင်ငံမြောက်ပိုင်း ဆပ်ပိုရိုမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် နှင်းပွဲတော်ကို ယမန်နေ့က စတင်ကျင်းပကြောင်း သိရသည်။ အဆိုပါနှင်းပွဲတော်သည် ဟော့ကိုင်းဒိုးစီရင်စု၏   အဓိကဆောင်းရာသီ ဆွဲဆောင်မှုတစ်ခုဖြစ် သည်။

နှင်းပွဲတော် အခမ်းအနားကို ဆပ်ပိုရိုမြို့ ယခင်ရထားဘူတာရုံဟောင်း “Sapporo Teishaba” ၏ နှင်းထုရုပ်တုရှေ့တွင် ဖေဖော်ဝါရီ ၄ ရက်တွင် ဖွင့်လှစ်ကြောင်း သိရသည်။ ပွဲတော်အတွင်း၌ နှင်းနှင့် ရေခဲပန်းပုရုပ်ပေါင်း ၂၀၀ ခန့် ပြသထားသည်။ ၎င်းတို့အနက် ငါးခုမှာ အမြင့် ၁၀ မီတာကျော်ရှိသည်။

အဆိုပါ ရေခဲပန်းပုရုပ်များအနက် တစ်ခုသည် ဟော့ကိုင်းဒိုး နီပွန်-ဟမ်ဖိုက်တာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘော အသင်းနှင့် အသင်းမန်နေဂျာ ရှင်ဂျို တူယိုရှီတို့၏ပုံတူကို ထုဆစ်ပုံဖော်ထားသည်။  အခြားရေခဲပန်းပုရုပ် တစ်ခုသည် ၂၀ ရာစု အစောပိုင်း ဟော့ကိုင်းဒိုးစီရင်စု၌ ဖြစ်ပွားခဲ့သည့် ဂျပန် manga စီးရီး “Golden Kamuy” ရဲ့ ဇာတ်ကောင်များကို ပြန်လည်ဖန်တီးထားသည်။

ဆပ်ပိုရိုမြို့၏ နှင်းပွဲတော်ကို စောင့်မျှော်နေပြီး ဒီနှစ်မှာလည်း ပန်းပုလက်ရာများသည် အံ့မခန်းဖြစ်ကြောင်း မြို့တော်တိုကျိုမှ ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ နှင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်