အန်ကာရာ၊ ဖေဖော်ဝါရီ ၄

 

တူကီယဲနိုင်ငံ ဂါဇီအန်တက်ပြည်နယ် အရှေ့တောင်ပိုင်း၌ ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားသဖြင့် လေယာဉ်မှူးနှစ်ဦး သေဆုံးပြီး နည်းပညာရှင်တစ်ဦး ဒဏ်ရာရရှိကြောင်း တူကီယဲပြည်ထဲရေးဝန်ကြီး အလီယာလီ ကာရာက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားသည်။

လေကြောင်းလုံခြုံစိတ်ချမှုဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူးရုံးတွင် မှတ်ပုံတင်ထားသည့် အဆိုပါ ရဟတ်ယာဉ်သည် နူဒါဒီခရိုင် ကာတယ်ကျေးရွာတွင် ပျက်ကျခဲ့ကြောင်း ယာလီကာရာက လူမှုကွန်ရက်မီဒီယာ ပလက်ဖောင်း X တွင် ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဟတေးပြည်နယ် တောင်ပိုင်းမှ ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၃ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၉ မိနစ်တွင် နောက်ဆုံး ဆက်သွယ်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဆေးဘက်ဆိုင်ရာအဖွဲ့ အများအပြားကို ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ စေလွှတ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သည့် နည်းပညာရှင်ကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

ဆင်ဟွာ