ဖေဖော်ဝါရီ ၅
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒက်ရှ်ရှန်ပြည်နယ်ရှိကျေးရွာတစ်ရွာတွင် နှင်းထုပြိုကျမှုကြောင့် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း နိုင်ငံပိုင် ဘာ့တာသတင်းအေဂျင်စီက ဖော်ပြထားသည်။
အဆိုပါနှင်းထုပြိုကျမှုသည် Shar-e-Bazarag ခရိုင်၏ ဝေးလံသောကျေးရွာတစ်ရွာတွင် သီတင်းပတ်ကုန်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြို့တော်ကဘူးလ်အပါအဝင် စစ်ဘေးသင့်သော အာဖဂန်နစ္စတန်နိုင်ငံ၏ဒေသများတွင် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ကာ နှင်းထူထပ်စွာကျဆင်းခြင်းနှင့် မိုးရွာသွန်းခြင်းတို့ကြောင့် အချို့ဒေသများတွင် လမ်းများပိတ်ဆို့မှုဖြစ်ပွားခဲ့ရသည်။ အာဏာပိုင်များက ကဘူးလ်မြောက်ပိုင်းပြည်နယ်ကိုးခုကိုဆက်သွယ်ထားသော Salang Pass အဓိကတောင်ကြားလမ်းကို ဆီးနှင်းများဖယ်ရှားရှင်းလင်းပေးကာ ယမန်နေ့က ပြန်လည်ဖွင့်ပေးခဲ့သည်။ ကဘူးလ်နှင့် အလယ်ပိုင်းဘမ်ယန်ပြည်နယ်ကိုဆက်သွယ်ထားသော Hajigak Pass တောင်ကြားလမ်းကိုလည်း အာဏာပိုင်များက ယမန်နေ့က ပြန်လည်အသုံးခွင့်ပေးခဲ့သည်ဟု တာဝန်ရှိသူများက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို