နေပြည်တော်၊ ဖေဖော်ဝါရီ ၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင် ပြေးဆွဲအသုံးပြုရန်အတွက် စပိန်နိုင်ငံမှ ဝယ်ယူထားသော ခေတ်မီ DEMU ဒီဇယ်လျှပ်စစ်ရထားတွဲဆိုင်းသစ်များအနက် ပထမသုတ်အဖြစ် (၆) တွဲပါ တွဲဆိုင်းသည် ဖေဖော်ဝါရီ ၄ ရက်က BBC ONYX သင်္ဘောဖြင့် ရန်ကုန်သီလဝါဆိပ်ကမ်းသို့ စတင်ရောက်ရှိခဲ့သည်။
အဆိုပါ DEMU ဒီဇယ်လျှပ်စစ်ရထား တွဲဆိုင်းသစ်များကို ဆိပ်ကမ်းမှချယူဆောင်ရွက်လျက်ရှိပြီး စမ်းသပ်ပြေးဆွဲမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်ပြီးစီးပြီဖြစ်သော်လည်း ဘူတာပလက်ဖောင်းများ မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဘူတာရုံအဆောက်အဦများ ပြုပြင်ခြင်း လုပ်ငန်းများကို ပြုပြင်ဆောင်ရွက်လျက်ရှိပါသဖြင့် မကြာမီကာလတွင် အဆိုပါ DEMU တွဲဆိုင်းသစ်များဖြင့် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းအတွင်း ခရီးသည်များ စိတ်အေးချမ်းသာစွာ စီးနင်းနိုင်ရေး စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်