ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၆
ချီလီနိုင်ငံအလယ်ပိုင်း ဗယ်ပါရီဆိုဒေသတွင် ပြင်းထန်သည့် တောမီးလောင်မှုကြောင့် သေဆုံးသူ စုစု ပေါင်း ၉၉ ဦးအထိ တိုးလာကြောင်း နိုင်ငံ၏ တရားဝင်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့ (အက်စ် အမ်အယ်လ်)က ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားသည်။
ယခုအချိန်အထိ ချီလီ၏ တရားဝင် မှုခင်းဆေးပညာ အေဂျင်စီ အက်စ်အမ်အယ်လ်သည် တောင်အမေရိကနိုင်ငံဖြစ်သည့် ချီလီ၌ ဖေဖော်ဝါရီ ၂ ရက်က မီးလောင်မှုကြောင့် သေဆုံးသူ ၃၂ ဦး ဖော်ထုတ်နိုင်ခဲ့ကြောင်း ပြောကြားသည်။
မြို့တော် ဆန်တီယာဂို၏ အနောက်ဘက် ၁၀၀ ကီလိုမီတ,ခန့်တွင်ရှိသည့် ဗယ်ပါရီဆိုဒေတွင် ဟက်တာ ၁၁၀၀၀ ကျော် မီးလောင်ခဲ့ရကြောင်း ချီလီအမျိုးသားဘေးအန္တရာယ် ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဝန်ဆောင်မှုအဖွဲ့က ထုတ်ပြန်ထားသည့် နောက်ဆုံး အစီရင်ခံစာအရ သိရသည်။ မီးငြှိမ်းသတ်ရာတွင် အကူအညီဖြစ်စေရန်နှင့် ဒေသတွင်း အရင်းအမြစ်များ ပိုမိုဖော်ဆောင်နိုင်စေရန် စစ်ဘက်ဆိုင်ရာကို ဖြန့်ကြက်ရန် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့သည်။ မီးလောင်မှုမှာ ချီလီနိုင်ငံ၌ မကြာသေးမီ ဆယ်စုနှစ်များအတွင်း သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ