နေပြည်တော် ဖေဖော်ဝါရီ ၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင် မြင်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့မှု၊ ယင်း MoU မူဘောင်အရ UNDP-UNHCR တို့အကြား ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း သတ်မှတ်ထားသည့်ဒေသများ၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ၊ အဆိုပြုထားသည့်ဒေသများ၌ စီမံချက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန အနေဖြင့် အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ထားရှိမှု၊ မိမိတို့၏ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်များ မဖြစ်မြောက်စေ ရေးအတွက် ဟန့်တားနှောင့်ယှက်နေမှုများအပေါ် UNHCR မှ နားလည်သိရှိနိုင်ရေးအခြေအနေ၊ လက်ရှိ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ လုပ်ငန်းများဆောင်ရွက်ရန် အကန့်အသတ်ရှိမှုနှင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNHCR ၏ ဒေသခန့်ဝန်ထမ်းများ ခန့်အပ် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ အသိပေးတင်ပြနိုင်ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင် နှင့် ဒေါက်တာမျိုးသန့်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်