နေပြည်တော် ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီး ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများ ကာယလေ့ကျင့်ခန်းအစီအစဉ်ဖြင့် အတွဲ ၁၊ ၂ သွေးပူလေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းများ ဆောင်ရွက်နေမှုနှင့် ဘောလီဘော၊ ပိုက်ကျော်ခြင်း ကစားနေမှုများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇဆောင် ခန်းမ၌ တောင်ကြီး၊ လွိုင်ကော် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ အနာဂတ်ပဲ့ကိုင်ရှင် ဆရာ ဆရာမလောင်းများဖြစ်ကြသဖြင့် ဘာသာရပ်များကို နှံစပ်စွာနားလည်တတ်ကျွမ်းအောင် သင်ယူလေ့လာကြရန်၊ အလွတ်ကျက်မှတ်ခြင်းအစား စဉ်းစားတွေးခေါ်မှတ်သားကြရန်၊ သမိုင်းနှင့် ပထဝီဝင်ဘာသာရပ်များကို သိရှိနားလည်ကာ နိုင်ငံချစ်စိတ်မွေးမြူကြရန်၊ စည်းကမ်းရှိသော၊ ကိုယ်ကျင့်တရားကောင်းသော စံနမူနာ ပြဖြစ်ကြစေရန်မှာကြားပြီး အခြေခံပညာဦးစီးဌာန လေ့ကျင့်ရေးအလယ်တန်းကျောင်းကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အေးသာယာမြို့အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိ၍ ကျောင်းသား ကျောင်းသူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးဘာသာရပ် စာမေးပွဲများဖြေဆိုနေမှုကိုလည်းကောင်း၊ တောင်ကြီးတက္ကသိုလ်နှင့် စာကြည်တိုက်များကိုလည်းကောင်း၊ စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုပြီး သင်ကြားရေးဌာနများတွင် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် စားရိပ်သာများ၌ တောင်ကြီးပညာရေးဒီဂရီ ကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား ကျောင်းသူများအား တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်