နေပြည်တော် ဖေဖော်ဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွာလတ်ကျေးရွာ ဇလင်းတောင်ရွာ ပတ်ဝန်းကျင်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ပြီးသည့် ရိုးခြားကန်၊ ညောင်ကန်၊ ထောက်ရှာကန်၊ ဇလင်းတောင်ကန်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တူးဖော်ပြီးသည့် ဖိုးချုပ်ကန်၊ ဖောင်ရှိုးကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါကန်များကို ရေရှည်အသုံးပြုနိုင်ရေး ကန်များသန့်ရှင်းစေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် မှာကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရွာလတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ပေ ၇၀၀ စက်ရေတွင်းတူးဖော်ထားရှိမှု၊ ရေပေးဝေရန် စီစဉ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးကြရာ မန္တလေးတိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် ရေကြီးရေလျှံခြင်းနှင့် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင်နေရာများတွင် ရေဝပ်မှုထပ်မံမဖြစ်ပေါ်စေရေးတို့အတွက် ပုဂံခေတ်ရေအရင်းအမြစ်စီမံခန့်ခွဲမှုစနစ် သုတေသနပြုချက်အရ ရှေးဟောင်းရေလမ်းကြောင်းများ ပြန်လည်ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန်များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိမှု မြကန်ပြုပြင်ထိန်းသိမ်းမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ညောင်လက် ဖက်ကန်၊ ရွှေနန်းရင်တောကန်-၁(ထိန်ကန်)၊ အလံပုဂံကန်(အလံပြကန်)တူးဖော်မှုကို ကြည့်ရှုစစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးများက အဆိုပါကန်များသည် ပုဂံခေတ်ရေအသုံးချမှုတွင် အရေးပါခဲ့သော ရှေးဟောင်းရေကန်များဖြစ်သည့်အပြင် ပုဂံခေတ်မှ ယနေ့အထိ အသုံးပြုခဲ့ပြီး ဒေသခံများ၏ သောက်သုံးရေ၊ စိုက်ပျိုးရေတို့တွင် အထောက်အကူဖြစ်၍ ရေရှည်အသုံးပြုနိုင်ရေး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများကို မှာကြားကြသည်။
ဆက်လက်၍ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်(၁ဝ၆)ကန်အနက် (၉၁) ကန်ကို အပိုင်း(၂)ပိုင်း ခွဲခြား၍ ပထမအဆင့် (၄၆)ကန်နှင့် ဒုတိယအဆင့် (၄၅)ကန် သတ်မှတ်ထားပြီး ပထမအဆင့် (၄၆) ကန်အနက် ပထမဦးစားပေး (၁၁)ကန်၊ ဒုတိယဦးစားပေး (၁၁)ကန်၊ တတိယဦးစားပေး (၁၂)ကန်၊ စတုတ္ထဦး စားပေး (၁၂)ကန်တို့ကို ဦးစားပေးအလိုက် ဆယ်ယူထိန်းသိမ်းသွားမည့်အခြေအနေ၊ ရှေးဟောင်းသု တေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ရန်ပုံငွေဖြင့် ရှေးဟောင်းရေကန်(၆)ကန်၊ နယ်စပ်ရေးရာဝန် ကြီးဌာနမှ ရှေးဟောင်းရေကန်(၅)ကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှေးဟောင်းရေကန် (၆)ကန်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေနန်းရင်တောကန် (၃)ကန်၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသက ရှေးဟောင်းရေကန် (၁)ကန်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) သူရဦးမြင့်မောင်မိသားစုက ရှေးဟောင်း ရေကန် (၁)ကန်၊ ဦးမင်းညီ၊ ဒေါ်ဇင်မြင့်မောင် မိသားစုက ရှေးဟောင်းရေကန် (၁)ကန်၊ ဦးအောင်ကိုဇော် မိသားစုက ရှေးဟောင်း ရေကန် (၁)ကန်၊ ဒေါက်တာလှဝင်းအောင်က ရှေးဟောင်းရေကန် (၁)ကန် စုစုပေါင်း ရှေးဟောင်း ရေကန် (၂၅) ကန်ကို ဆယ်ယူ ထိန်းသိမ်းမည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စိုက်ပျိုးရေး၊မွေး မြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ပုံငွေဖြင့် တူးဖော်ထိန်းသိမ်းမည့် တောင်ကျောင်းကန် (တောရ ကျောင်းကန်)နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ထိန်းသိမ်းဆောင်ရွက်ပေးမည့် ဖျောက်ဆိပ်ပင် ကန် (၁)၊ (၂)၊ (၃)တို့ကိုကြည့်ရှု၍ ပုဂံခေတ်ရေအသုံးချမှုတွင် မြကန်ရေပိုလွှဲမှ စီးဆင်းလာသော ရေများကို ဒေသတွင်းရေဝပ်ရေလျှံမှုမရှိစေရန် ရေသွယ်မြောင်းများဖြင့် စနစ်တကျသွယ်ယူခဲ့ပြီး ဒေသခံများ သောက်သုံးရေ၊ စိုက်ပျိုးရေအသုံးပြုနိုင်ရန် ယခုလို ကန်များဆယ်ယူသိုလှောင် ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါရှေးဟောင်းရေကန်များကို ဆက်စပ်ဝန်ကြီးဌာနများ အကူအညီဖြင့် စနစ်တကျ ဖော်ထုတ်ဆယ်ယူ၍ ဒေသခံများအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိအောင်စီမံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များ လေလွင့်မှုမရှိစေဘဲ အရည် အသွေးကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ထိန်းသိမ်းမည့် ရွှေနန်းရင်တောကန်(၃)ကန်နှင့် သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသော Area E တွင် ပါဝင် သည့် ရွှေနန်းရင်တောဘုရားအစု သန့်ရှင်းရေးဆောင်ရွက်ထားမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဧရိယာ (၁၁) ပိုင်းခွဲ၍ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်းစေတီပုထိုး ဂူဘုရားပေါင်း (၁၇၃၁) ဆူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် လောကနန္ဒာ စာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက်ဆရာ တော်အား ဖူးမြော်ကြည်ညိုပြီး ညောင်ဦးမြို့ရှိ စာသင်တိုက် (၃)တိုက်အတွက် ဥပ္ပါတသန္တိကျမ်းစာအုပ် (၃၃၉) အုပ်နှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် အာနန္ဒာဘုရားသို့ ရောက်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအခြေအနေ၊ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ထားမှုနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဆွေတော်မျိုးတော်ကန်နှင့် ရွှေထီးကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်