ဖေဖော်ဝါရီ ၇
အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ မီးရှူးမီးပန်းထုတ်လုပ်သောစက်ရုံတွင် ယမန်နေ့က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ သေဆုံးသူ ၁၁ ဦး ရှိလာကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်များထံဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။
အဆိုပါစက်ရုံသည် မာဒရာပရာဒေ့ရှ်ပြည်နယ် ဟာဒါခရီုင်တွင် တည်ရှိပြီး ပေါက်ကွဲမှုများဖြစ်ပွားမှုကြောင့် ဒဏ်ရာရရှိသူပေါင်း ၉၀ ရှိကြောင်းနှင့် အနည်းဆုံး ၂၅ ဦးသည် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ အနီးနားရှိနေအိမ်များ မီးကူးစက်လောင်ကျွမ်းသဖြင့် နေအိမ်အလုံးရေ ၁၀၀ နီးပါးတွင်နေထိုင်ကြသော ဒေသခံများအား ကြိုတင်ကာကွယ်ရေးစီမံချက်ဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ကြောင်း ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားရာနေရာတွင် ရှာဖွေကယ်ဆယ်မှုများဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို