နေပြည်တော်  ၂၄  ဖေဖော်ဝါရီ 

 


နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပေါင်းလောင်း ရေအားလျှပ်စစ်ဝန်းအတွင်း ယနေ့ နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 


မီးလောင်မှုသတင်းအရ နေပြည်တော် မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်ဆွေဝင်းနှင့် တပ်ဖွဲ့ဝင် ၄၅ ဦး၊ တာဝန်ရှိသူများက မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 


မီးလောင်မှုကြောင့် အလျား (၉၀) ပေ၊ အနံ (၂၀)ပေရှိ (၉)ခန်းတွဲ (၂)ဆောင်၊ အိမ်ထောင်စု (၂၁)စု နေထိုင်သော သွပ်မိုး ထရံကာ ပျဉ်ခင်း ဝန်ထမ်းလိုင်းခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

 


အဆိုပါ မီးလောင်မှုသည် အခန်းအမှတ် (18-1-17-T) နေအိမ်လိုင်းခန်းမှ ဝါယာကြိုး အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင်မှုနှင့် ပတ်သက်၍ ရေဆင်းနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထွန်းလင်း(ပြန်/ဆက်)