နေပြည်တော်၊ ဖေဖော်ဝါရီ ၉
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၆ ရက်တွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၂)စီးနှင့် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး တို့ပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Jumbo Roll Facial Tissue ကီလိုဂရမ် (၅၅၀၀)၊ Lactasoy ပဲနို့ဘူး(၅၀၄၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၉၀၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင် လာသည့် Nissan Diesel Truck (၂)စီးနှင့် Anhui Ankai Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၀၀၀,၀၀၀) တို့ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်းတင်ပြလာသည့် Ceramic Sanitary Wares Rok (၃၇၈၈)ခု အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁,၀၃၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀,၉၃၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၂၃)လမ်း၊ အမှတ်(၈/၉)၊ မြေညီထပ်ရှိ ဂိုဒေါင်(၂) လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Gaysorn စားအုန်းဆီ (၁)လီတာပါ ဘူး(၁၅၆၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇,၄၅၅,၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထား ခြင်းမရှိသည့် Wai Wai ဆန်ကြာဇံထုပ်(၂၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၂၂၀,၃၆၆)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၁,၆၇၅,၃၆၆)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဖေဖော်ဝါရီ ၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် Brand’s ငှက်သိုက်ပုလင်း(၄၈၀) ၊ Smarthome Multi Cooker (၁၃)လုံး၊ T-Shirt အင်္ကျီအထည်(၁၂၅၀)၊ ဘေထုပ်(၁၀)ထုပ်၊ Keyboard (Used) (၃)ခု အပါအဝင် ကုန်ပစ္စည်း(၁၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၂၈၀,၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Higer Express (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ လှိုင်းဘွဲ့-ဘားအံကားလမ်း၊ တောင်ကလေး ကျေးရွာအနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ပုဇွန်နှစ်ကောင်ဆီ ၁ လီတာပါ ဘူး(၆၀၀)၊ Yum Yum ခေါက်ဆွဲခြောက်ထုပ် (၆၀၀၀) အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၃၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၁)စီးနှင့် Mitsubishi Canter (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၅၈၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၆ ရက်နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉၅,၁၈၅,၃၆၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)