ခန္တီး ဖေဖော်ဝါရီ ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်မှုကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခန္တီး)၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မီးသတ်ဉီးစီးဌာနက ဉီးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးဌာနနှင့် အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်းကာ စာစစ်ဌာနဖြစ်သည့် အထက(ခန္တီး)စာသင်ကျောင်းတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည်ဖြစ်၍ စာမေးပွဲဖြေဆိုနေစဉ်ကာလတွင်း ကျောင်းသား/သူများ အေးချမ်းစွာဖြေဆို နိုင်ရေးအတွက် ဖြေဆိုမည့်စာသင်ကျောင်းဆောင်များနှင့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များ မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရန် မီးဘေးကြိုတင်ကာကွယ်တားဆီးရေး စစ်ဆေး ဆောင်ရွက်မှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)