ရေနံချောင်း ဖေဖော်ဝါရီ ၁၀

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်က မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

 

အခမ်းအနားတွင် အ..က()ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေး နံရံကပ်စာစောင်နှင့် ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)