နေပြည်တော် ဖေဖော်ဝါရီ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားမှတ်ပုံတင် ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုရာ လုပ်ငန်းတာ ဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦး က ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်ရန်လိုအပ််ချက်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ခေတ်အဆက်ဆက်ထိန်းသိမ်းထားရှိသည့် အမျိုး သားမှတ်ပုံတင်ဆိုင်ရာ မှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များကို ခန်းမဆောင်အတွင်း၌ ဝန်ထမ်းများက နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်း တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနရှိ မှတ်တမ်းခန်းများအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေ၊ အလင်းရောင်နှင့်လေဝင်လေထွက် ကောင်းမွန် ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မှတ်တမ်းများ ထိန်းသိမ်းထားရှိနိုင်ရေးအတွက် အခန်းများပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ခြနှင့်ပိုးမွှားများအန္တရာယ် မကျရောက်စေရေး အလေးဂရုပြုဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာကေတခရိုင်ဦးစီးမှူးရုံး အခြေအနေနှင့် သာကေတမြို့နယ် ဦးစီးမှူးရုံး ရုံးခန်းများနှင့် မှတ်တမ်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရွက်စာတမ်း များလုံခြုံရေးနှင့် ရုံးနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြရန်မှာကြား ကာ လိုအပ်သည်များဖြည့် ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနဂိုဒေါင်များသို့ သွားရောက်၍ ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု အခြေအ နေများကိုလည်းကောင်း၊ စာရင်းဇယား မှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင် ပစ္စည်း အဟောင်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့် ပစ္စည်း စာရင်း ဇယားများစနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်း၍ စနစ်တကျ ထုတ်ပေးဆောင်ရွက်ရေး၊ ပိုးမွှားများ အန္တရာယ်ကာကွယ်ရေးအတွက် အမြဲမပြတ် ကြည့်ရှုစစ်ဆေးဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်၍ ပစ္စည်းအမျိုးအ စားအလိုက် ဦးစားပေးသတ်မှတ်ထားရှိရေး၊ ထိန်းသိမ်းထားရှိသည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး၊ ဂိုဒေါင်များအတွင်း နှင့်ပတ်ဝန်းကျင် ရေဝင်ရောက်မှုမရှိစေရန် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိ စေရေးတို့အတွက် တာဝန်ရှိသူများက လိုအပ် သလို စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်