စစ်တွေ ဖေဖော်ဝါရီ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူ ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုအသင်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ နှင့်အဖွဲ့သည် နန္ဒာရာမပရိယတ္တိ စာသင်တိုက်သို့သွားရောက်ပြီးစာသင် တိုက်၏ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များတွင် အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံရသည့်အတွက် ဂုဏ်ပြုဝမ်းမြောက်စကားနှင့် လက်ရှိရခိုင်ပြည်နယ် အတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏အခြေအနေ၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး ဆောင်ရွက်မှုအခြေအနေများကို လျောက်ထားကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် စစ်တွေမြို့ ပညာ လင်္ကာရကျောင်းတိုက် ရွှေစေတီကျောင်းတိုက်များသို့သွားရောက်ပြီး ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့် အခြေအနေများကို လျောက်ထားကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ နှင့်အဖွဲ့သည် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ ရခိုင်ပြည်နယ်အတွင်းရှိ  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း များမှကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေက ဒေသဖွံ့ဖြိုးတိုးတက်ရန် အတွက် တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်း ရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် အမြဲတံခါးဖွင့်ထားလျက်ရှိကြောင်း၊ နိုင်ငံရေးနည်းကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းနိုင်ရန် ကြေညာထားပြီးဖြစ်ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ ဒုက္ခရောက်လျက်ရှိနေကြကြောင်း၊ မိမိတို့အနေဖြင့် ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် တွေ့ဆုံသင့်၊ တွေ့ဆုံထိုက်သူများကို တွေ့ဆုံလျက်ရှိကြောင်း၊ ယခုတက်ရောက်လာကြသော  တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များကလည်း မိမိတို့အတွေ့အကြုံကို ရှင်းလင်းတင်ပြပေး ကြစေလိုကြောင်း၊ ပြည်သူများ၏ သဘောထားများကိုသိရှိမှ နိုင်ငံတော်အကြီးအကဲက အဆုံးအဖြတ် ပေးနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားညီအကိုများ၏ တင်ပြချက်များကို နိုင်ငံတော်အကြီးအကဲထံ တင်ပြသွားမည်ဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြစေလိုကြောင်း၊ လက်ရှိဖြစ်ပေါ် နေသော ပဋိပက္ခများအခြေအနေအပေါ်တွင် မိမိ၏အမြင်ကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကိုယ်စားလှယ်များက လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော မြို့နယ်များတွင် ဖြစ်ပေါ်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် ဖြစ်ပေါ်နေသောအခက်အခဲများနှင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကြောင့် ဒေသခံပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများကိုဆွေးနွေး တင်ပြကြသည်။

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တိုင်းရင်းသားမျိုးနွယ်စုများ မိမိတို့နေထိုင်ရာနေရာ၊ ကျေးရွာများတွင် အေးချမ်းစွာနေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် မိမိတို့အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရစက်သုံးဆီနှင့် စားရေရိက္ခာများကို ရန်ကုန်မြို့မှ စစ်တွေမြို့ သို့ ပို့ဆောင်ပေးလျက်ရှိမှု၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပုံမှန်ကျောင်းတက်ရောက်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးနေမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် နေမှု၊ တိုင်းရင်းသားများ၏ လှုပ်ရှားဆောင်ရွက်မှု၊ ရိုးရာဓလေ့၊ အထိမ်းအမှတ်ပွဲများအတွက် ကူညီ ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက တိုင်းရင်းများ၏အခွင့်အရေး များခံစားခွင့်ရရှိနိုင်ရေးနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊  ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က တိုင်းရင်းသားများ၏အခွင့်အရေးများကို ဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများကို တာဝန်ပေးအပ်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မျိုးနွယ်စုများအတွက် ကူညီဆောင် ရွက်ပေးနေမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဘရွှေ က တင်ပြချက်များကို နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြကာ  ပဋိပက္ခများချုပ်ငြိမ်းနိုင်ရန်အတွက် အတတ်နိုင်ဆုံးကြိုး စား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 

တင်ထွန်း(ပြန်/ဆက်)