နေပြည်တော် ၂၄ ဖေဖော်ဝါရီ
မောင်တောမြို့နယ် နယ်မြေ(၅) နတ်မြစ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီခန့်တွင် ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ ဆာလာအိတ် ၃ အိတ်နှင့်အတူ ဖြတ်ကူးနေသော မိုဟာမက်အာလီ (ဖ)ဂိုရာမြာ၊ ရေတွင်းပြင်ကျေးရွာ၊ မောင်တောမြို့နယ်နေသူပါ (၃)ဦးတို့အား တွေ့ရှိစစ်ဆေးရာ WY/R စိတ်ကြွဆေးပြား ၉၆၅၂၅၀ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုး ငွေကျပ် ၁,၉၃၀,၅၀ဝ,ဝ၀ဝ သိန်း)အား ဖမ်းဆီးရမိခဲ့သဖြင့် ကြိမ်ချောင်းနယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
MDN