မချမ်းဘော ဖေဖော်ဝါရီ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများကို ယနေ့နံနက် ၁၀ နာရီမှစ၍ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၃၄ ကျောင်းမှ ကျောင်းသားကျောင်းသူများက သက်ဆိုင်ရာကျောင်းများအလိုက် ဖေဖော်ဝါရီ ၂၀ ရက်အထိ ဖြေဆိုသွားမည်ဖြစ်သည်။
ဆက်လက်၍ ပူတာအိုခရိုင်စစ် မေးခွန်းဖြင့် Grade-5၊ ပြည်နယ်စစ် မေးခွန်းများဖြင့် Grade-9 ကျောင်းသားကျောင်းသူများက ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)