ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီမှစ၍ တည်ငြိမ်အေးချမ်းစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အတန်းတင်စာမေးပွဲဖြေဆိုသူ ကျောင်းသားကျောင်းသူများအားလုံး စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောင်းပတ်ဝန်းကျင်လုံခြုံရေး၊ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်များခွဲဝေချထား ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများမှလည်း ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)