နေပြည်တော် ၂၄ ဖေဖော်ဝါရီ
ပင်လောင်းမြို့နယ်၊ မြေတိုင်ကျေးရွာ မြောက်ဘက်၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း ၂၀ ဧကခန့်အား ပင်လောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ဦးစီးသည့် ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရသည်။
အလားတူ ညောင်ရွှေမြို့နယ်၊ နန်းဟူးကြီးကျေးရွာပါ ၃ ရွာတို့၌ ဘိန်းစိုက်ခင်း ၂၁ ဧက ခန့်၊ ဖယ်ခုံမြို့နယ်၊ နောင်လိုင်ကျေးရွာ၌ ဘိန်းစိုက်ခင်း ၄ ဧကခန့်၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးကျေးရွာ၌ ဘိန်းစိုက်ခင်း ၄ ဧကခန့် စုစုပေါင်းဘိန်းစိုက်ခင်း ၄၉ ဧကခန့် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ သိရှိရသည်။
MDN