နေပြည်တော်  ၂၄  ဖေဖော်ဝါရီ 

 

မုံရွာမြို့၊ ကျောက္ကမြောက်ကျေးရွာ ရေနံကုန်း၌ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်အတွင်းသို့ ဆီဖြည့်နေစဉ် ဖုန်း‌ပြောမိသဖြင့် ပေါက်ကွဲမှုဖြစ်ခါ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  

 

ဖြစ်စဉ်မှာ မုံရွာမြို့၊ ကျောက္ကာမြောက် ကျေးရွာရေနံကုန်းရှိ ဦးသန်းထွန်းဦး (၄၀)နှစ်၏ ရေနံချက်ဖို၌ ကျောက္ကာမြောက် ကျေးရွာနေ ရဲဇော်(၃၀)နှစ်သည် ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာနေ ခိုင်ထွန်း မောင်းနှင်သည့်  Nissan ၁၈ ဘီး ဆီဘောက်ဆာ ယာဉ်အတွင်းသို့ ဒီဇယ်ဆီဖြည့်နေစဉ် ယာဉ်နောက်လိုက်ဖြစ်သူ ညောင်ဦးမြို့နေ ခိုင်မြင့်ဦးမှာ ဖုန်းပြောနေ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် အဆောက်အဦ ၁ လုံး၊ ဒီဇယ် ၅၀ ဂါလံခန့်၊ ယာဉ်၏ တာယာ ၇ လုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ်(၁,၁၆၀,ဝ၀ဝ) မီးလောင်ဆုံးရှုံးခဲ့ သည်။ ခိုင်မြင့်ဦးတွင် မီးလောင်ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ရဲဇော်တွင်ဒဏ်ရာများရရှိခဲ့၍ ခိုင်မြင့်ဦးအား မုံရွာမြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN