နေပြည်တော် ၂၄ ဖေဖော်ဝါရီ
မောင်တောမြို့နယ်၌ ဖေဖော်ဝါရီ ၂၃ ရက်တွင် လူသုံးဦးအား မူးယစ်ဆေးဝါး ၉၆၅၀ဝ၀ ကျော် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ရေယာဉ်ဖြင့် လှည့်ကင်းဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီခန့်တွင် တစ်ဖက်နိုင်ငံဘက်ကမ်းသို့ ဆာလာအိတ် ၃ အိတ်နှင့်အတူ ဖြတ်ကူးနေသော မောင်တောမြို့နယ် ရေတွင်းပြင်ကျေးရွာနေ မိုဟာမက်အာလီ (၃၃)နှစ် အပါအဝင် ၃ ဦး အား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အား စစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ WY/R စိတ်ကြွ ဆေးပြား ၉၆၅၂၅၀ (၁ ပြားလျှင် ငွေကျပ် ၂၀ဝ၀ နှုန်းဖြင့် တန်ဖိုး ငွေကျပ် ၁,၉၃၀,၅၀ဝ,ဝ၀ဝ) အား သိမ်းဆည်းရမိခဲ့သဖြင့် ကြိမ်ချောင်းနယ်မြေရဲစခန်း၌ အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)