ဖေဖော်ဝါရီ ၁၄

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ်တွင် ဖေဖော်ဝါရီလ ရက်က မြေပြိုမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးသူ ၇၁ ဦးအထိ မြင့်တက်လာသည်ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။ အဆိုပါမြေပြိုမှုတွင် ပျောက်ဆုံးနေသူ ၄၇ ဦးအား ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသတွင်းအစိုးရအဖွဲ့နှင့် ပြည်ထဲရေးဌာန Leah Anora က မာကိုမြို့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ မြေပြိုမှုကြောင့် သေဆုံးသူများတွင် ကျောက်တုံးကျောက်ဆောင်များ၊ ရွှံ့များနှင့် သစ်ပင်များအောက်နစ်မြုပ်ပိမိသော ဘတ်စ်ကားနှစ်စီးအတွင်း ပိတ်မိခဲ့သော သတ္တုတွင်းကုမ္ပဏီတစ်ခု၏ အလုပ်သမားများပါဝင်သည်ဟု သိရသည်။ ထိုဘတ်စ်ကားများသည် အလုပ်သမားများအား သတ္တုတွင်းလုပ်ငန်းသို့ ကြို/ပို့လုပ်ဆောင်ပေးနေသောကားများဖြစ်သည်။ စစ်သားများနှင့်စေတနာ့ဝန်ထမ်းများသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့အန္တရာယ်ညွှန်းကိန်းအရ ဖိလစ်ပိုင်နိုင်ငံအား ကမ္ဘာပေါ်ရှိ သဘာဝဘေး ဖြစ်ပွားမှု အများဆုံးနိုင်ငံများစာရင်းတွင် နံပါတ်()နေရာ၌ သတ်မှတ်ထားကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများဖြစ်ပွားကာ ငလျင်လှုပ်ခတ်မှုများနှင့် မီးတောင်ပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားသောနိုင်ငံဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို